Monday, July 16, 2012

SMS ဖြင့် ‘အပင်း’သွင်းခြင်းကို လက်တွေ့သရုပ်ပြ

Start:     
ဟန်းဖုန်းများမှ ပေးပို့သော SMS ကိုအသုံးပြု၍ ယင်း SMS လက်ခံရရှိသော ဟန်းဖုန်း အား တစ်ချိန်ချိန်တွင် မိမိလိုသလို အဝေးမှ ထိန်းချုပ်စေခိုင်းနိုင်ရန် ကွန်ပျူတာပရို ဂရမ်ငယ်တစ်ခုအား ‘အပင်း’သွင်းခြင်း သရုပ်ပြမှုကို ဝါရှင်တန်ဒီစီတွင်ကျင်းပသော သတင်းအချက် အလက်နည်းပညာဆိုင်ရာ ဆွေးနွေးသရုပ်ပြပွဲတစ်ခု ဖြစ်သည့် Shmoocon 2011 တွင် သုတေသီ ဂျော်ဂျီယာဝေးဒ်မင်းက လက်တွေ့သရုပ်ပြသခဲ့ ကြောင်း သိရသည်။ ထိုသို့ ‘အပင်း’သွင်းခြင်း ခံထားရသော ဟန်းဖုန်းများက ‘အပင်း’ သွင်းသူက အဝေးမှထိန်းချုပ်စေခိုင်းနိုင်ပြီး အင်တာနက်ဆာဗာတစ်ခုခုအား ‘အပင်း’ သွင်းခြင်းခံထားရသော ဟန်းဖုန်းတစ်သိန်းခန့်က တစ်ပြိုင်နက်တည်း ဆက်သွယ်ကြ စေရန် အမိန့်ပေးခြင်းသည် ဆာဗာများအတွက် စိုးရိမ်ရဖွယ်ရာ အချက်ဖြစ်သည်။ ယခုအခါ iPhone, HTC အစရှိသည့် အဆင့်မြင့်ဟန်းဖုန်းများကို ကိုင်ဆောင်သူများပြားလာပြီ ဖြစ်သည်နှင့်အမျှ ယင်းတို့ကို ကွန်ပျူတာများသဖွယ် အမြတ်ထုတ်အသုံးချသူများ မလွဲမသွေ ပေါ်ပေါက်လာတော့မည် ဆိုသည်ကို ဝေးဒ်မင်းက လက်တွေ့သရုပ်ပြလိုက်ခြင်းပင် ဖြစ်သည်။

PopularNews-002
ref:  http://www.grmn00bs.com

No comments:

Post a Comment