Monday, July 16, 2012

SMS ဖြင့် ‘အပင်း’သွင်းခြင်းကို လက်တွေ့သရုပ်ပြ

Start:     
ဟန်းဖုန်းများမှ ပေးပို့သော SMS ကိုအသုံးပြု၍ ယင်း SMS လက်ခံရရှိသော ဟန်းဖုန်း အား တစ်ချိန်ချိန်တွင် မိမိလိုသလို အဝေးမှ ထိန်းချုပ်စေခိုင်းနိုင်ရန် ကွန်ပျူတာပရို ဂရမ်ငယ်တစ်ခုအား ‘အပင်း’သွင်းခြင်း သရုပ်ပြမှုကို ဝါရှင်တန်ဒီစီတွင်ကျင်းပသော သတင်းအချက် အလက်နည်းပညာဆိုင်ရာ ဆွေးနွေးသရုပ်ပြပွဲတစ်ခု ဖြစ်သည့် Shmoocon 2011 တွင် သုတေသီ ဂျော်ဂျီယာဝေးဒ်မင်းက လက်တွေ့သရုပ်ပြသခဲ့ ကြောင်း သိရသည်။ ထိုသို့ ‘အပင်း’သွင်းခြင်း ခံထားရသော ဟန်းဖုန်းများက ‘အပင်း’ သွင်းသူက အဝေးမှထိန်းချုပ်စေခိုင်းနိုင်ပြီး အင်တာနက်ဆာဗာတစ်ခုခုအား ‘အပင်း’ သွင်းခြင်းခံထားရသော ဟန်းဖုန်းတစ်သိန်းခန့်က တစ်ပြိုင်နက်တည်း ဆက်သွယ်ကြ စေရန် အမိန့်ပေးခြင်းသည် ဆာဗာများအတွက် စိုးရိမ်ရဖွယ်ရာ အချက်ဖြစ်သည်။ ယခုအခါ iPhone, HTC အစရှိသည့် အဆင့်မြင့်ဟန်းဖုန်းများကို ကိုင်ဆောင်သူများပြားလာပြီ ဖြစ်သည်နှင့်အမျှ ယင်းတို့ကို ကွန်ပျူတာများသဖွယ် အမြတ်ထုတ်အသုံးချသူများ မလွဲမသွေ ပေါ်ပေါက်လာတော့မည် ဆိုသည်ကို ဝေးဒ်မင်းက လက်တွေ့သရုပ်ပြလိုက်ခြင်းပင် ဖြစ်သည်။

PopularNews-002
ref:  http://www.grmn00bs.com

iPhone 5 အား Apple မှ စတင်ထုတ်လုပ်နေပြီဟု သတင်းများထွက်ပေါ်

2962 iPhone5 Full Production Began Already
(ပုံ) iPhone 5 အား ဒီဇိုင်နာတစ်ဦးက စိတ်ကူးပုံဖော် ရေးဆွဲထားပုံ
ဂျပန်မှလာသော သတင်းများအရ Apple ကုမ္ပဏီအနေဖြင့် ယင်းတို့၏ နောက်ထွက်ရှိမည့် iPhone မျိုးဆက်ဖြစ်သည့် iPhone 5 အား ထုတ်လုပ်မှုကို စတင်ဆောင်ရွက်နေပြီဟု သိရှိရသည်။
Apple ပစ္စည်းများအကြောင်း ရေးသားဖော်ပြသည့် blog တစ်ခုဖြစ်သည့် ဂျပန်အခြေစိုက် Macotakara blog ၏ တရုတ်နိုင်ငံတွင်းမှာ အဆက်အသွယ်များက Apple နှင့် ဖက်စပ်ပြုလုပ်နေသည့် တရုတ်ကုမ္ပဏီများသည် iPhone 5 ထုတ်လုပ်မှုအား အင်တိုက်အားတိုက် စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး လာမည့်လအတွင်း အလုံးအရင်းနှင့် သိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တရုတ်အဆက်အသွယ်များသည် ပြီးခဲ့သည့် ဂျန်နဝါရီလက iPad 3 ထွက်ရှိမည်ဟု ၂ လ ကြိုတင် သတင်းပေးခဲ့ဖူးသည်။
ယင်းသတင်းအရ Apple အနေဖြင့် iPhone 5 အား အများမျှော်လင့်ထားသည်ထက် စောလျင်ကာ သြဂတ်စ်လအတွင်းတွင် ထုတ်ဖော်ပြသဖွယ်ရှိသည်ဟု သိရရသည်။
သို့သော်လည်း၊ ယင်းကိစ္စဖြစ်နိုင်ချေမှာ အလွန်နည်းပါးပြီး မူရင်းအချိန် အပိုင်းအခြားဖြစ်သည့် စက်တင်ဘာ (သို့) အောက်တိုဘာလ အတွင်း၌သာ ထုတ်ဖော်ပြသသွားဖွယ်ရှိသည။်
iPhone 5 သည် ပိုမိုခိုင်ခံလှပသော ကိုယ်ထည်ဒီဇိုင်း၊ ပို၍ကြီးမားသော မျက်နှာပြင်နှင့် စွမ်းအားမြင့် processor တို့ ပါဝင်မည်ဟု သတင်းများထွက်ပေါ်နေသည်။

စတီးသေတ္တာ ချိတ်ပိတ်နဲ့ Samsung Galaxy S III ကမ္ဘာတစ်ဝန်းဖြန့်ချိ

alt
ပုံမှာ မြင်တွေ့နေရတဲ့ သေတ္တာဟာ မြင်လိုက်တာနဲ့တင် လုံခြုံရေးတော်တော်လေး အဆင့်မြင့်တယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။
ဒီလောက်လုံခြုံရေး အဆင့်မြင့်တာ ဘာများထည့်ထားဒါလည်း စူးစမ်းလိုသူတွေ အံ့သြသွားမယ်ထင်ပါတယ်။ အထဲမှာ ဟန်းဖုန်း​တွေထည့်ထားပါတယ်။ ထည့်ထားတဲ့ ဟန်းဖုန်းတွေကတော့ Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ဖြစ်တဲ့ Samsung Galaxy SIII ဖြစ်ပါတယ်။ သူ့ကို အင်္ဂလန်သို့ပို့စဉ် သတင်းမီဒီယာသမားတို့ စတီးသေတ္တာကြီးများအား မြင်တွေ့လိုက်ခြင်း ဖြစ်ပါတယ်။
ဘာလို့ဒီလောက်တောင် ဖုံးဖိထားရသလဲဆိုတာကတော့ ရှင်းပါတယ်။ သူတို့ရဲ့နည်းပညာမူပိုင် မထွက်ချိခင် အခိုးခံရမှာစိုးလို့ ဖြစ် ပါတယ်။ အမှန်တော့ Samsung Galaxy SIII ထွက်ရှိမည့်နေက မေလ ၃ ရက်နေ့မှ ဖြစ်ပါတယ်။ သို့ပေမဲ့ ဝယ်ယူဖို့ တာဆူနေတဲ့ Galaxy ခရေစီများကတော့ store တွေမှာ ကြိုတင်မှာ ယူထားကြပါပြီ။ စတီးသေတ္တာကြီး ကမ္ဘာအနှံ့ ပို့နေပါတယ် ဆိုတဲ့သတင်း​လေးကြားကြတာနဲ့တင် အထဲမှာ ဘာလဲ၊ ဘယ်လိုအရောင်လဲဆိုပြီး သတင်းမီဒီယာသမားများ အလုပ်ရှုပ်အောင်မေးမြန်းနေကြပါ ပြီ။ iPhone 5 သံသေတ္တာကြီး ရောက်လာဖို့တော့ နည်းနည်းလိုနေသေးတာမို့ Apple ခရေစီတွေ မျော်လင့်နေရဦးမှာ ဖြစ်ပါတယ်။

IPHONE ,IPAD,IPOD တွေမှာ မြန်မာလိုပေါ်အောင်.....ပြုပြင်နည်း


Posted by ရဲဂျာ on February 10, 2012 at 6:59pm in MoBile ချစ်သူများ

...ပြုပြင်နည်း

လိုအပ်ချက်များ

> Jailbroken iPhone ဖြစ်ရပါမယ်။
> Microsoft Word
> iPhone Explorer (သို့ ) iFun Box

ဤနည်းလမ်းကို တင်ပြရာတွင် screen shot အေနနှင့် "iPhone Explorer" ကို အသုံးၿပဳသြားမှာဖြစ်ပါတယ်။ "iFun Box" သုံးသူများ အတွက် File လမ်းကြောင်း အတူတူပင် ဖြစ်လို့ စိုးရိမ်စရာမရှိပါ။

အဆင့် (၁)

ပထမဦးစြာ iPhone ကို USB အသုံးၿပဳ၍ PC နှင့် ခ်ိတ္ဆက္ပါ။

အဆင့် (၂)

iPhone Explorer (သို့ ) iFun Box ကို Run ပါ။

အဆင့် (၃)

iPhone Explorer ၏ ဘယ်ဘက် ကကော်လံရှိ "Root Directory" ကို ရွေးပြီး ညာဘက် ကော်လံရှိ "System" folder ကို ဖွင့်ပါ။
အဆင့် (၄)

"System" folder ထဲတွင် "Library" folder ကို တွေ့ ပါမယ်။ "Library" folder ကို ဖွင့်ပါ။

အဆင့် (၅)


"Library" folder တွင်းရှိ "CoreServices" folder ကို ထပ်ဖွင့်ပါ။
အဆင့် (၆)

"CoreServices" folder တွင်းမှ "SpringBoard.app" folder ကို ဖွင့်ပါ။
အဆင့် (၇)

"SpringBoard.app" folder ထဲမှ "English.lproj" folder ကို ထပ္မံဖြင္ပါ။


အဆင့် (၈)

"English.lproj" folder ထဲရှိ "SpringBoard.strings" file ကို Copy ကူးပြီး Desktop တွင် Paste လုပ်ပါ။
Desktop တွင် Paste လုပ်ထားသော ယင်း File ကိုပင် မပြင် အသေးခင် သီးသန့်  Folder တစ်ခုဆောက်ပြီး Backup အနေနဲ့  ထပ် Save ထားပါ။

အဆင့် (၉)

Desktop တြင္ရှိသော "SpringBoard.strings" file ကို Right click, Open with Microsoft Office Word ရွေးပြီး ဖွင့်ပါ။ Unicode ပြောင်းခိုင်းပါက "Ok" သာနှိပ်ပါ။

အဆင့် (၁၀)

အောက်ပါပုံတွင် တွေ ့ရသော စာသားများ အတိုင်း တွေ ့ရပေလိမ့်မည်။
- ပထမဦးစွား Text များအားလုံးကို Select All (Ctrl+A) နဲ့ ရွေးပြီး Font ကို "Zawgyi-One" ပြောင်းလိုက်ပါ။



အဆင့် (၁၁)

စာသားများကို မြန်မာလို စိတ်ကြိုက်ပြောင်းရာတွင် = ၏ ညာဘက် " xxx " အတွင်းမှ စာသားများကိုသာ ပြင်ရပါမည်။
ဥပမာ။ ။ "AWAY_LOCK_LABEL" = "slide to unlock"; အတှကျ "AWAY_LOCK_LABEL" = "မိုးသိကြား"; ဟုသာ ပြောင်းလဲပါ။

အဆင့် (၁၂)

အားလုံး စိတ်ကြိုက် ပြောင်းပြီးပါက "Save" လုပ်ပါ pop up message တက်လာပါက "Yes" ကိုသာနှိပ်ပါ။

အဆင့် (၁၃)

Desktop တြင္ရှိသော ပြင်ပြီးသား "SpringBoard.strings" file ကို iPhone Explorer တွင် ကူးယူခဲ့သော File လမ်းကြောင်း အတွင်းသို့  "Drag and Drop" ချပြီး copy လုပ်လိုက်ပါ။
File လမ်းကြောင်း အစ/အဆုံးမှာ " /System/Library/CoreServices/SpringBoard.app/English.lproj/ " ပဲဖြစ်ပါတယ်။

အဆင့် (၁၄)

iPhone ကို Reboot လုပ်ပါ။
ဖုန်းပြန်တက်လာပါက သင့်စိတ်ကြိုက် ပြုပြင်ထားသော မြန်မာစာသားလေးများနှင့် တွေ့ ရပါလိမ့်မယ်။
Icon အမည်လေးတွေကို့ မြန်မာလို ပြောင်းရန်...

Cydia -> Search တွင် Icon Renamer ဟုရိုက္ရှာပြီး Install လုပ္ပါ။ Reboot လုပ္ပါ။

icon အမည်လေးတွေ ပြောင်းရန်အတွက် မိမိပြောင်းလိုသောApp icon ကို long press ဖိထားပါ။
icon လေးတွေ လှုပ်တုပ် လှုပ်တုပ် ၿဖစ္လာပါက နောက်တစ်ချက် ထပ်နှိပျလိုကျပါ ဒါဆိုရင် အမည်ပြောင်းဖို့  Box တက်လာပါလိမ့်မယ်။



အားလုံးအဆင်ပြေကြပါစေ။
အလွန်နှေးသောကွန်နရှင်ကို အံတုပြီး ပုံတွေကို တင်ပေးထားတာပါ။ ပြန်လည်ဝေမျှချင်လို့ပါ။

Viber ကိုသုံးပြီး ဖုန်း free ခေါ်ဆိုမယ် ၊ message free ပို့မယ်

http://www.myanmarmobileapp.com/?p=5831 ( မူရင်းလင့်ပါ)

မြန်မာ Mobile App က User များကို Viper ဆော့ဝဲကိုသုံးပြီး အင်တာနက်ကွန်နက်ရှင်ရှိရုံနဲ့ ဖုန်း free call ခေါ်လို့ရတဲ့ ၊ Message အခမဲ့ပို့လို့ရတဲ့ နည်းလေးကိုပြောပြချင်ပါတယ်ရှင်။ နိုင်ငံခြား မှာတင်သုံးလို့ရတာမဟုတ်ဘဲ ၊ မြန်မာနိုင်ငံကနေလည်း ဒီဆော့ဝဲလေးကိုသုံးပြီး အခမဲ့ဖုန်းခေါ်ဆိုလို့ရတာကိုတွေ့ရပါတယ်။
ဒီ application လေးကိုသုံးစွဲဖို့ မိမိရဲ့ဖုန်းကို အင်တာနက်ကွန်နက်ရှင်တစ်ခုခု (Wifi,3G..)နဲ့ချိတ်ဆက်ထားရပါမယ်။ လိုအပ်တဲ့ဆော့ဝဲဖြစ်တဲ့ Viber ကိုအောက်မှာရယူလိုက်ပါ။
(မိမိတို့ဖုန်းနဲ့ဆိုင်တဲ့ application ကိုရွေးချယ်ရယူပါ)
Viber for iPhone အားရယူရန်..... ဒီဟာကလင့်လေးတွေပါ။ မူရင်းလင့်ကနေ ဒါလေးတွေကို သွားပြီးသာ ဒေါင်းကြပါနော်.
Viber for Android အားရယူရန်.... ဒီဟာကလင့်လေးတွေပါ။ မူရင်းလင့်ကနေ ဒါလေးတွေကို သွားပြီးသာ ဒေါင်းကြပါနော်.
Viber for Nokia အားရယူရန်....... ဒီဟာကလင့်လေးတွေပါ။ မူရင်းလင့်ကနေ ဒါလေးတွေကို သွားပြီးသာ ဒေါင်းကြပါနော်.

download ရယူပြီးပြီဆိုရင်တော့ Viber ဆော့ဝဲကိုဖုန်းထဲမှာ install လုပ်ပါ။ ပြီးရင် Viber ဆော့ဝဲကိုဖွင့်ပါ။ နိုင်ငံ ရွေးချယ်တဲ့နေရာမှာ မြန်မာနိုင်ငံကလူတွေဆိုရင်
Myanmar (+95) ကိုရွေးချယ်ပေးပါ။ အောက်က TextBox မှာ မိမိရဲ့ဖုန်းနံပါတ်ကိုထည့်ပါ။ ဖုန်းနံပါတ်ထည့်ရာမှာ (ဥပမာ) မိမိရဲ့ဖုန်းနံပါတ်က 09-2016878 ဆိုရင်
ရှေ့ဆုံးက သုည ကိုဖြုတ်ပြီး 9 ကနေစထည့်ပါ။ (ဥပမာ- 92016878) ။ ပြီးရင် Continue ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။

ဒါဆိုရင် မိမိရဲ့ဖုန်းကို Viber မှ Activation code တစ်ခု Message အနေနဲ့ဝင်လာပါလိမ့်မယ်။ အဲဒီ code ကို အောက်ပါ ပုံထဲကအတိုင်းထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။
အကယ်၍ Activation Code Message မိမိဖုန်းထဲကိုရောက်မလာဘူးဆိုရင်တော့ Android ဖုန်းတွေမှာအောက်ပုံမှာပြထားတဲ့အတိုင်း click here ကိုနှိပ်ပါ။ iPhone တွေမှာဆိုရင်တော့ Screen ရဲ့ထိပ်ဆုံးဘယ်ဘက်က Not Code? ကိုနှိပ်ပါ။

Web Browser တစ်ခုနဲ့အောက်ပုံထဲကအတိုင်းတက်လာပါလိမ့်မယ်။ မိမိဖုန်းနံပါတ်လည်း ပါဝင်ပါလိမ့်မယ်။ အဲဒီက “Get Code” ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ။ အောက်ပုံအတိုင်းပါ။
“Get Code” ကိုနှိပ်လိုက်တယ်ရုံရင် စက္ကန့်ပိုင်းအတွင်းမှာ မိမိရဲ့ဖုန်းကို နိုင်ငံခြားနံပါတ်နဲ့ဖုန်း call တစ်ခုဝင်လာပါလိ့်မ်မယ်။ အဲဒီအခါ ကိုင်နားထောင်လိုက်ပါ။ ယောကျာ်းသံနဲ့ မိမိဖုန်း Viber ဆော့ဝဲထဲမှာ ထည့်ရမယ့် Activation Code ကိုနှစ်ကြိမ်တိတိပြောပေးပါလိမ့်မယ်။ အဲဒီ Code ကိုမှတ်ထားပါ။ပြီးရင် ခုနကဖုန်းထဲမှာပြောသွားတဲ့ code ကိုထည့်ပါ။ ပြီးရင် Enter Viber ကိုနှိပ်ပါ။ အောက်ပုံအတိုင်းပါ။


အောက်ပုံထဲကလိုပေါ်လာပြီဆိုရင်တော့ Viper Setup လုပ်တာပြီးစီးပြီဖြစ်ပါတယ်။
ဖုန်းစတင်ပြော၊ Message စပို့လို့ရပါပြီ။ ကိုယ်ပြောချင်တဲ့သူငယ်ချင်းဆီမှာလည်း Viber ဆော့ဝဲသွင်းထားပြီး အခုလုပ်ခဲ့သလို Setup လုပ်ထားဖို့လိုပါလိမ့်မယ်။
ပြီးရင် သူ့နံပါတ်ကို Viber ထဲမှာ Invite လုပ်ပြီး ဖုန်းခေါ်ရုံပါပဲ။အင်တာနက်ဖိုးအနည်းငယ်သာကုန်မှာဖြစ်ပြီး ဖုန်းခမကုန်ဘဲ ကြိုက်သလောက်ပြော ၊ ကြိုက်သလောက်
message ပို့လို့ရပြီပေါ့။ ကိုယ့်နိုင်ငံထဲက သူတင်မဟုတ်ဘူး ၊နိုင်ငံခြားက သူငယ်ချင်းတွေနဲ့လည်းပြောလို့ရပြီပေါ့နော်။ အားလုံး အဆင်ပြေကြမယ်လို့မျှော်လင့်ပါတယ်

Sony Ericson မှာ မြန်မာဖောင့်ထည့်မယ်

Sony Ericson မှာ မြန်မာဖောင့်ထည့်မယ်

Sony Ericson ဖုန်းကိုင်တဲ့ လူတွေအတွက်တော့ ၀မ်းသာစရာ သတင်းတစ်ခုပါ။ ကျွန်တော် တင်မယ်တင်မယ်နဲ့ မတင်ဖြစ်တာ ကြာနေရောပေါ့။ သေချာလည်းကိုတိုင် မစမ်းရသေးတာလည်း ပါပါတယ်။ အင်း… ခုထိလည်း မစမ်းရသေးပါ။ www.mysteryzillion.org ရဲ့ forums မှာ ကိုစိုင်းညီဖြိုး ရေးထားတဲ့ မူရင်း အတိုင်းတင်လိုက်ပါတယ်။ ဖိုရမ်ထဲမှာ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးကြလေးတွေ အသေးစိတ်ဖတ်ချင်ရင်တော့ ဒီမှာ သွားကြည့်နိုင်ပါတယ်။

iPhone/iTouch မှာတွေပဲ မြန်မာစာထဲ့တဲ့အကြောင်းပြောရတဲ့ အီလာပီ၊.. ဒီတစ်ခါ…….
ညကြီးမိုးချုပ် ဘာလုပ်ရမလဲဆိုတော့… အင်း…အင်း……. အဲ…
မမေးနဲ့တော့လေ.. topic မှာ ပြောထားတဲ့အတိုင်းပဲ SE (sony ericson) ဖုန်းမှာ မြန်မာဖောင့်ထဲ့ထားတာလေးကို တင်ပြချင်လို့ပေါ့ဗျ.. ဟီးဟီ

အစောကြီး အစောကြီး… ဟိုးးး အစောကြီးကထဲက (လွန်ခဲ့တဲ့ ၉ လအလွန်လောက်ကပေါ့..)
nokia s60 ဖုန်းမှာမြန်မာစာယူနီကုတ်ဖောင့်ထဲ့ဖို့ အတွက်ကို အတော်ကြိုးစားလိုက်ရတယ်.. (မအောင်မြင်ခဲ့ဘူး..) ဖောင့်တွေပေါ်ပေမယ့်.. အရမ်းရွဲတယ်.. ဘာဖြစ်လို့လဲလို့ အစ်ကိုတစ် ယောက်ကို မေးကြည့်တော့ ဇော်ဂျီဆိုတာ ယူနီကုတ်မစစ်ဘူးဆိုလားပဲ.. နဂိုကထဲကမှ ကျတော် က အူကြောင်ကြောင်ဆိုတော့..သူပြောတဲ့ဟာတွေအားလုံးနဲ့ ပတ်သက်ပီး နားမလည်တာတွေကို နားမလည်သလိုပဲ နေလိုက်ရတယ်… အဲ့ဒီတုံးက ကောက်ချက်ချမိလိုက်တာက
ဇော်ဂျီသာ ယူနီကုတ်မစစ်ဘူးဆိုရင် Nokia မှာ မရတဲ့နည်းတူ၊ SE မှာဆိုလဲ ဒီအတိုင်းပဲပေါ့.. အဲ့ဒါကြောင့် ဆက်ပီးဘာမှ မကြိုးစားဖြစ်ခဲ့ဘူး.. ဟော…. မှားသွားပီ အကြီးအကျယ်မှားသွားပီ… ကျတော်လုံးဝကိုမှားသွားပီဗျာ… ဘယ်လိုလဲဆိုတော့

ဒီနေ့မှ စလုံးက ဘော်ဘော်ကြီး တာယာ(၀ါ)ကြယ်စင် က သူ့ SE w995 မှာ ဖောင့်ပြောင်းချင်တယ်တဲ့.. အဲ့ဒါ နဲနဲကြည့်ပေးလို့ တောင်းဆိုလာတာနဲ့…
ကျတော်အစကတော့ ပြောလိုက်သေးတယ်.. တခြားဖောင့်ပုံစံတော့ ပြောင်းမယ်.. မြန်မာစာတော့ ကောင်းကောင်းမြင်မှာမဟုတ်ဘူးလို့ကို အတည်ပေါက် သူနဲ့ငြင်းလိုက်ရသေးတယ်… အဲ့ဒါကိုက ကျတော့အကျင့်လေ.. ထားပါတော့.. ဒီလိုနဲ့ပဲ တရုတ်ဆိုက်တွေမှာ ၀င်မွှေဖြစ်တယ် ဆိုပါတော့…
မသေချာတာကြီးကို ကျတော်စမ်းကြည့်ဖို့ ကြိုးစားလိုက်တယ်…. ဟားဟာ.. ခုတော့ အဲ့ဒီ မသေချာတာကြီးက ကျတော့မျက်စိရှေ့မှာ အပီအပြင်ကြီးကို မြင်တွေ့နေရပီ… ကဲ ကြည့်လိုက်ကြရအောင်…

(ဆက်ဖတ်မည် / ခေါက်မည်...)

ဆိုင်က 2nd hand w595 လေးနဲ့ အလောတကြီး လုပ်လိုက်ရတာဆိုတော့ နောက်ဆုံးရလဒ်ကိုပဲ တင်ပေးလိုက်တယ်၊ နောက်နေ့မှ သေချာလေး ကြားထဲက လုပ်ပုံလုပ်နည်းလေးတွေကို ပုံနဲ့တင်ပြပေးပါမယ်ဗျာ… ခုက တောင်ကြီးက ညီမလေးရဲ့ 3GS ကို JB လုပ်ပေးဖို့လာခဲ့တာ.. JB လုပ်ပီး မြန်မာဖောင့်ထဲ့ပေးလိုက်ပါ ဆိုတာနဲ့လေ..
(စကားမစပ် ကျတော့ရဲ့ asl က 17/m/mdy ဖြစ်ပီး မေးလ်လိပ်စာက sainyiphyo@gmail.com ပါ)

အချိန်နဲနဲရှိတာနဲ့ ဒေါင်းလုပ်လင့်ခ်လေးတင်ပေးလိုက်ပါတယ်..

http://www.ziddu.com/download/7306627/SEmmfontbysainyiphyogmail.com.rar.html

မှာ ဒေါင်းပါ.. လုပ်နည်းက လွယ်ပါတယ်.. (လွယ်တယ်ဆို.. သေချာအမှားပြင်ပီးမှ တင်ပေးလိုက်တာကိုးဗျ)

၁။ rar ကိုတစ်နေရာမှာ ဖြည်လိုက်ပါ၊
၂။ A2 uploader ထဲက a2uploader.exe ကို run လိုက်ပါ၊
၃။ FileSystem Tool ကို နှိပ်လိုက်တဲ့အခါ “C” key နှိပ်ပီး ကေဘယ်လ်နဲ့ join ဖို့ပြောလာပါလိမ့်မယ်.. သူပြောသလိုသာ လိုက်လုပ်ပါ၊ အဲ့ဒီအခါ Driver တောင်းလာပါလိမ့်မယ်၊
၎။ driver တောင်းလာတော့လဲ ကြောက်စရာမလိုပါဘူး၊ USB Flash Driver ထဲမှာ ပါပီးသားပါ.. (ဒါတွေ ပီးလို့မှ System ထဲက Folder တွေ တက်မလာဘူးဆိုရင်တော့ A2 ကိုပိတ်ပီး အစဉ်အတိုင်း ပြန်လုပ်ကြည့်ပါ.. အဲ့ဒါမှ မရသေးဘူးဆိုရင် ခင်ဗျားရဲ့ မော်ဒယ်ကို ဒီ A2 က လက်မခံတာ ဖြစ်ပါလိမ့်မယ်.. ကျတော်လက်တွေ့စမ်းဖူးတာတော့ w595 ပါ)
၅။ tpa \ preset \ system \ FONTS ထဲကို double-click နဲ့ အဆင့်ဆင့်ဝင်ရပါလိမ့်မယ်.. (သေချာအောင် အဲ့ဒီဖောင့်ထဲမှာရှိတဲ့ဟာတွေကို right click ခေါက်၊ read ဆိုပီး backup လုပ်ထားလိုက်ပါ) ပီးတဲ့အခါ ဒေါင်းထားတဲ့ fonts folder ထဲက ဖိုင်နှစ်ခုကို ဆွဲထဲ့ပေးရပါလိမ့်မယ်.. နောက်ဆုံးအနေနဲ့ Shutdown FS manager ကို နှိပ်၊ cable ဖြုတ်၊ ဓါတ်ခဲဖြုတ်ပီး ပါဝါခလုတ်ဖွင့်လိုက်ရုံပါပဲ..ဗျာ. .

ရမရသိချင်ရင်.. သီချင်းတစ်ပုဒ်ပဲဖြစ်ဖြစ်၊ ပုံတစ်ပုံပဲဖြစ်ဖြစ်ကို ဖုန်းထဲပို့ကြည့်လိုက်ပေါ့…. ဟီးဟီး..
ကြွေသွားလိမ့်မယ်….

အပေါ်ကလင့်ခ်ကနေဒေါင်းလို့မရဘူးဆိုရင်တော့

http://www.2shared.com/file/9070594/dc341b5f/SE_mmfont_by_sainyiphyogmailcom.html

2shared ကနေတင်ပေးလိုက်တာပါ၊ ကျတော့ဆီမှာ mediafire ရော၊ megaupload ရော၊ RS ရော ပိတ်ခံထားရလို့ပါ..

A2 uploader Support လုပ်တဲ့ platform နဲ့ model တွေကိုလဲ တစ်ပါထဲတင်ပြအပ်တယ်…
Supporting Platform:9 N/ l1 k1 G+ B% h1 u
DB3150/DB3200/DB3210_CID49/51/52/53_Red/Blue/Brown

Supporting Model
DB3150:
C702, C902, G502, K630, K660, K850, V640, W595, W760, W890, W910, W902, W980, Z750, Z770, Z780, T700, TM506
DB3200:
W508, T707
DB3210:
C510, C901, C903, C905, G705, W705, W715, W995 C510, C901, C903, C905, G705, W705, W715, W995

phone အလွယ်တကူ..ငွေမပေးဘဲခေါ်ရအောင်



မူရင်းလင့် ( http://www.mmitpalace.com/profiles/blogs/phone )





ကျွှန်တော့်ကိုသူငယ်ချင်းတစ်ယောက်ကဝေမျှပေးလိုက်တာပါ။ ညီရှင်းသန့်ကိုကျေးဇူးတင်ပါတယ်။ ယခုလို pfingo ,skype တို့လို့ဝယ်စရာမလိုတော့ဘူး။ ငွေအကုန်သက်သာတဲ့အပြင်.... အဲဒီဆော့ဝ်လ်ကဆိုဒ်တော်တော်များများမှာတွေ့တယ်လို့ပြောတယ်။ အဲဒီဆော့ဝ်လ်ကိုဖွင့်တာနဲ့ ကိုယ့်ရဲ့ဖုန်းနံပါတ်ပြတယ်။ ကိုယ်ခေါ်ချင်တဲ့လူရဲ့ဖုန်းနံပါတ်ထည့်...ဘယ်ကဖြစ်ဖြစ်ရတယ်...ဟန်းဖုန်း...တယ်လီဖုန်းတို့ရတယ်။ တကယ်လည်းစမ်းကြည့်ပါ။ အကျိုးတကယ်ရှိတဲ့အပြင် ဖုန်းအစစ်လို Contacts ပါတယ်။ သူငယ်ချင်းအသစ်ရှာ...ဘာမှမဖြစ်ဘူး။ အသံ၊ ကွန်ပျူတာနဲ့ချက်တာ..video(vzochat လို)ပါတယ်။ register လုပ်စရာမလို..spyware..virus လုံးဝမရှိစေရဘူး။ ဆော့ဝ်လ်ကအလကားပေးတာ(သားကအလကားမှယူချင်တာ..ဟီး)။ဘယ်သူပဲဖြစ်ဖြစ်..လျို့ဝှက်ဖုန်းနံပါတ်ကိုရရှိနိုင်တယ်။

ဆော့ဝ်လ်နာမည်က CQPhone ပါ။ ဖိုင်ဆိုဒ်ကပေါ့ပေါ့ပါးပါးပါ။ 2.62 MB ရှိပါတယ်။ သူ့ရဲ့မူရင်းဆိုဒ်က http://www.cqphone.com/ ပါ။ အခု version က 2.4 ပဲရှိပါသေးတယ်(လောလောဆယ်ကိုပြောတာ)။ မူရင်းဒေါင်းလုတ်လင့်က http://www.cqphone.com/cqsetup2404.exe မှာပါ။

Skype အတွက်ဆိုရင်တော့ အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်... ဖရီးပေးပါတယ်...

Skype အတွက်ဆိုရင်တော့ အောက်ကလင့်မှာ သွားကြည့်နိုင်ပါတယ်... ဖရီးပေးပါတယ်...
Skype for ANDROID

Slide Unlock ကို (၂) ခုပေးထားပါတယ်... ဘယ်ဟာနဲ့ အဆင်ပြေမယ်လို့တော့ မသိဘူး... အဲဒါကြောင့်ပါ...





http://www.mediafire.com/?12r5rgx8agzalj4
http://www.mediafire.com/?by68jnnb5wz5chx

စင်္ကာပှုရှိ မိုဘိုင်းဖုန်းများကို SMS Message Free ပို့နိုင်ပြီ

စင်ကာပှုရှိ Mobile Phone များသို့ SMS ခေါ် စာပို့သည့်စနစ်သုံး Message စာတိုများကို အောက်ဖော်ပြပါ Website များမှ တဆင့် ပေးပို့လို့ရပြီဖြစ်ပြီး SMS တစ်စောင်လျှင် အင်္ဂလိပ်ဘာသာဖြင့် စာလုံးအရေအတွက် (၁၄၀)အထိ ပေးပို့နိုင်မည် ဖြစ်သည်။ စင်္ကာပှုတွက် လက်ရှိအသုံးပြုနေသော မိုဘိုင်းစနစ်များ ဖြစ်ကြသော Singtel, M.1, Starhub ဟူသော စနစ်သုံးမျိုးစလုံးသုံး Mobile Phone များကို စောင်ရေအကန့်အသတ်မရှိဘဲ မည်သူမဆို အခမဲ့ပေးပို့နိုင်ပါသည်။
Message ပို့လိုသူသည် မိမိပို့မည့် Message ကို လက်ခံမည့်သူ၏ Message Phone သည် အထက်ပါ အမျိုးအစား သုံးခုမှ မည်သည့် အမျိုးအစားတွင် ပါဝင်နေသည်ကို သိရှိရန်လိုအပ်ပါတယ်။
Starhub လိုင်းသုံး ဖုန်းဖြစ်ပါက http://websms.starhub.com ကို ၀င်ရောက်ပြီး ပို့ရမှာ ဖြစ်ပါတယ်။
Singel အတွက်ဆိုလျှင် http://sms.singtel.com (သို့) http://sms-free4all.com/free-sms-singapore.php ကနေတဆင့် ပေးပို့ရမှာ ဖြစ်ပါတယ်။
M.1 အတွက် ဆိုလျှင် http://www.freebiesms.hk/SMSByPrefix.aspx/M1/Singpore (သို့) http://www.m1.com.sg/M1/site/M1Corp တို့ကို ကနေ ပေးပို့နိုင်ပါသည်။
ချွင်းချက်အနေနဲ့ Singtel ဖုန်းကိုပေးမည့် သူများကတော့ reg: လုပ်ထားဖို့တော့ လိုအပ်ပါသည်။

Apple iOS 4 vs. Google Android 2.2

Smartphone လုပ်ငန်းကို လက်ဝါးကြီးအုပ်နိုင်ဖို့အတွက် Apple နဲ့ Google ကြားကပြိုင်ဆိုင်မှုဟာ တဖြည်းဖြည်း ပြင်းထန်လာပါပြီ။ လွန်ခဲ့တဲ့လက Google က Android 2.2 ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ တနင်္လာ နေ့က Apple က iOS 4 ဆိုတဲ့ သူ့ရဲ့  latest mobile operation system ကို ပြုလုပ်ပြီး ပြန်လည် တိုက်ခိုက်ခဲ့ပါတယ်။
Apple ရဲ့ iOS 4 ကို June 21 မှာ customer တွေစတင်အသုံးပြုနိုင်တော့မှာပါ။ အဲဒီ OS မှာ အားလုံးစောင့်မျှော်နေတဲ့ multitasking feature ကိုရနိုင်ပါတော့မယ်။ အဲဒီ feature ကြောင့် ကျွန်တော်တို့ သီချင်းနားထောင်နေရင်း e-mail တွေကိုစစ်ဆေးနိုင်သလို ဖုန်းခေါ်ဆိုမှုကို တစ်ချိန်တည်းမှာ လက်ခံဖြေကြားနိုင်ပါလိမ့်မယ်။ အခြား feature အနေနဲ့ e-mail အားလုံးကို လက်ခံနိုင်တဲ့ inbox နောက် ကိုယ့် app တွေစုစည်းထားနိုင်တဲ့ folder တွေအပြင် Apple ရဲ့ digital bookstore ကို လည်း ချိတ်ဆက်နိုင်ပါလိမ့်မယ်။

Samsung Android Secret Code တွေပါ

*#*#4636#*#* - Phone Information
[/URL]*2767*3855# - Hard Reset (ဖုန်းထဲက data တွေအကုန်ပျက်တယ်နော် )
<Yes or no မမေးဘူးနော် >
*#*#7780#*#* - Factory Reset
*#*#7594#*#* - Change End Call/Power Option
*#*#197328640#*#* - Service Mode
*#*#273283*255*663282*#*#* - File Copy Screen
 (Backup Media Files)
*#*#526#*#* - WLAN Test
*#*#232338#*#* - Shows WiFi MAC address
*#*#1472365#*#* - GPS Test
*#*#1575#*#* - Another GPS test
*#*#232331#*#* - Bluetooth test
*#*#232337#*# - Shows Bluetooth device address
*#*#8255#*#* - GTalk Service Monitor

Codes to launch various Factory Tests:

*#*#0283#*#* - Packet Loopback
*#*#0*#*#* - LCD test
*#*#0673#*#* - Melody test
*#*#0842#*#* - Device test 
(Vibration test and BackLight test)
*#*#2663#*#* - Touch screen version
*#*#2664#*#* - Touch screen test
*#*#0588#*#* - Proximity sensor test
*#*#3264#*#* - RAM version
 Codes to get Firmware version information:

*#*#4986*2650468#*#* - PDA, Phone, H/W, RFCallDate
*#*#1234#*#* - PDA and Phone
*#*#1111#*#* - FTA SW Version
*#*#2222#*#* - FTA HW Version
*#*#44336#*#* - PDA, Phone,
 CSC, Build Time, Changelist number

Nokia Touch phone တွေမှာ မြန်မာစာ ထည့်ဖို့

မြန်မာတွေ အတွက် အဆင်ပြေစရာ တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ SymbianMyanmar v3.0 ပဲ ဖြစ်ပါတယ်။
SymbianMyanmar v3.0 က Nokia (နိုကီယာ) Touch screen phone တွေပေါ်မှာ မြန်မာစာကို ပထမဆုံး အလုပ်လုပ်နိုင်တဲ့ Application တစ်ခုဖြစ်ပါတယ်။Keyboard System အပါအ၀င် မြန်မာစာလုံးများကို လိုအပ်တဲ့နေရာတွေမှာ အပြည့်အ၀ အသုံးချနိုင်အောင် ပြုလုပ်ထားပါတယ်။ အသုံးပြုနိုင်တာတွေကတော့ … This keyboard is far superior to Nokia ones. A single key can have up to 5 characters (you get extra chars by tapping and dragging). It has copy, cut, paste, home, end, symbols table, T9 dictionary in qwerty mode, enables type-ahead in qwerty, international chars keyboard (customized), lets you type faster with iPhone original keyboard. For each mode (landscape and portrait) there are 7 different keyboards (selectable from a button): English qwerty, international qwerty, abc keypad, numeric mode, edit mode, symbols table, dictionary selection.
အသုံးပြုပုံကို ဒီလင့်က် မှာ သွားရောက် ဖတ်ရှုနိုင်ပါတယ်။

  • City: နေပြည်တော်
  • Country: Myanmar
  • Listed: October 27, 2011 6:44 am
  • Expires: This ad has expired
နိုကီယာ ဟန်းဖုန်း

Description

နိုကီရာ E-50
ဒီဇိုင်းအသစ် ဖုန်းကဒ်နှစ်မျိုးသုံးနိုင်
မန်မူနီ ၈ဂစ်ပါပြီး
ဒီဂျစ်တယ် ကန်မရာ
အမ်ပီ ၃
အမ်ပီ ၎
အပြာရောင်

ဟန်းဖုန်း တစ်လုံး ရဲ့ အသုံးဝင် မှု

(၁) အရေးပေါ် အတွက် keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။
(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။
(၃) ဖွက်ထားတဲ့ အပို ဘက္ထရီသင့်လက်ကိုင်ဖုန်း ဓာတ်အား သိပ်နည်းလာပြီဆိုပါစို့။ *3370# ကို နှိပ်လိုက်ပါ။ သင့် လက်ကိုင်ဖုန်းက အရေးပေါ်သုံး ချန်ထားတဲ့ ဓာတ်အား ကို ပြန်ဖွင့်ပေးပြီးနောက် သင့်လက်ကိုင်ဖုန်းက ဓာတ်အား ထက်ဝက် ကျန်သေးကြောင်း ပြပါလိမ့်မယ်။ နောက်တစ်ကြိမ် သင့်လက်ကိုင်ဖုန်းကို ဓာတ်အား ပြန်ဖြည့်တဲ့အခါမှာ သာမန်နဲ့ အရေးပေါ်သုံး နှစ်မျိုးလုံး အတွက် ဓာတ်အားကို ပြန်ဖြည့်ပါလိမ့်မယ်။ Safety first !!! ပါတဲ့။

(၄) အခိုးခံရတဲ့ လက်ကိုင်ဖုန်းကို သူတပါး သုံးလို့ မရတော့အောင် ဘယ်လို ဖျက်ဆီး ပစ်မလဲ။
သင့် လက်ကိုင်ဖုန်းရဲ့ နံပါတ်စဉ်ကို သိဖို့ *#06#ကို နှိပ်လိုက်ပါ။ ဂဏန်း ၁၅လုံး (ဆယ့်ငါးလုံး) ပေါ်လာပါ လိမ့်မယ်။ အဲဒီ ဂဏန်း ဆယ့်ငါးလုံးဟာ သင့်လက်ကိုင်ဖုန်း (handset) အတွက် သီးသန့်ပါ။ ဒီ ဂဏန်းတွေကို ချရေးပြီး လုံခြုံ စိတ်ချရတဲ့ တနေရာမှာ သိမ်းထားပါ။ သင့်ဖုန်း အခိုးခံရတဲ့ အခါမှာ သင်ဟာ ဖုန်း ကုမ္ပဏီကို ဖုန်းဆက်ပြီး ဂဏန်း ဆယ့်ငါးလုံးပါ ကုဒ်ကို ပြောပြ တိုင်တန်းလိုက်ပြီး သင့် လက်ကိုင်ဖုန်းကို ပိတ်ခိုင်း နိုင်ပါ တယ်။ တကယ်လို့ သူခိုးဟာ Sim Card ကို မထုတ်ရသေးမီ သင်သာ တိုင်တန်းနိုင်မယ် ဆိုရင် Sim card ကိုရော လက်ကိုင်ဖုန်းကိုပါ disable လုပ်နိုင်မှာ ဖြစ်လို့ သင့်ဖုန်းထဲက သင့်ဆက်သွယ်မှု ကွန်ယက် ထဲက သူတွေ စာရင်းနဲ့ ဖုန်းနံပါတ် များကိုလဲ သူတပါး သိခြင်းမှ ကာကွယ် နိုင်သလို သင့်အယောင် ဆောင်ပြီး သူတပါးကို သင့်ဖုန်း နံပါတ်နဲ့ ဆက်သွယ်ခြင်း ကိုပါ ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင် တိုင်တန်း တာ နောက်ကျလို့ သူခိုးက ပိုလျင်သူ ဖြစ်ခဲ့ရင်တော့ သင့် Simcard ကိုသာ disable လုပ်နိုင်မှာ ဖြစ်ပြီး သင် ဟာ ဖုန်းနံပါတ်များကို လက်ကိုင်ဖုန်း ထဲမှာ မှတ်သား တတ်သူ ဖြစ်ပါက သင့် ဆက်သွယ်မှု ကွန်ယက် ကိုတော့ သူခိုးက ကောင်းကောင်း သိနိုင်ပါတယ်။ ဒါပေမယ့် သင့်နံပါတ်နဲ့ သူတပါးကို ဖုန်းဆက်ခြင်းတော့ မပြုနိုင်တော့ ပါဘူး။ ဒါကြောင့် အရေးကြီး ဖုန်းနံပါတ်များကို Sim Card ထဲမှာသာ မှတ်သား ထားသင့် ပါတယ်။ ဒီလို ကာကွယ် ထားနိုင်ရင် လက်ကိုင်ဖုန်း ခိုးယူခြင်း ကြောင့် အကျိုး မဖြစ်ထွန်းတဲ့ အတွက် လက်ကိုင်ဖုန်း ခိုးယူမှုများ လျော့ပါး လာမယ်လို့ မျှော်လင့်ရပါတယ်။

မူရင်း.. (ညီနေမင်း) မှ ပြန်လည်မျှဝေသည်..

Sunday, July 15, 2012

patheinphonemarket

ပုသိမ်မြို့တွင်း online စနစ် phone ရောင်းဝယ်မှု့လုပ်ငန်းများ တွင်ကျယ်စွာဖြစ်ထွန်းအောင်မြင်စေရန်ရည်ရွယ်ပြီး ယခုဆိုဒ်အား 15-7-2012 တွင်စတင် တည်ထောင်ပါသည်။
မည်သူမဆို မိမိတို့၏ ဖုန်းရောင်းဝယ်မှု့လုပ်ငန်းကြေငြာများအား iteceducation (Information technology education center) အမှတ် (19/က) ရှင်ပင်ဘုန်းပွင့်လမ်း၊ မြောင်းမြကျောင်းပရိယတ္တိစာသင်တိုက်အနီး၊ ပုသိမ်မြို့၊ ဖုန်း - 04223616 email-pateinphonemarket@gmail.com သို့ဆက်သွယ်ထည့်သွင်းနိုင်ပါသည်။