Monday, July 16, 2012

စတီးသေတ္တာ ချိတ်ပိတ်နဲ့ Samsung Galaxy S III ကမ္ဘာတစ်ဝန်းဖြန့်ချိ

alt
ပုံမှာ မြင်တွေ့နေရတဲ့ သေတ္တာဟာ မြင်လိုက်တာနဲ့တင် လုံခြုံရေးတော်တော်လေး အဆင့်မြင့်တယ်ဆိုတာ သိနိုင်မှာ ဖြစ်ပါတယ်။
ဒီလောက်လုံခြုံရေး အဆင့်မြင့်တာ ဘာများထည့်ထားဒါလည်း စူးစမ်းလိုသူတွေ အံ့သြသွားမယ်ထင်ပါတယ်။ အထဲမှာ ဟန်းဖုန်း​တွေထည့်ထားပါတယ်။ ထည့်ထားတဲ့ ဟန်းဖုန်းတွေကတော့ Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ဖြစ်တဲ့ Samsung Galaxy SIII ဖြစ်ပါတယ်။ သူ့ကို အင်္ဂလန်သို့ပို့စဉ် သတင်းမီဒီယာသမားတို့ စတီးသေတ္တာကြီးများအား မြင်တွေ့လိုက်ခြင်း ဖြစ်ပါတယ်။
ဘာလို့ဒီလောက်တောင် ဖုံးဖိထားရသလဲဆိုတာကတော့ ရှင်းပါတယ်။ သူတို့ရဲ့နည်းပညာမူပိုင် မထွက်ချိခင် အခိုးခံရမှာစိုးလို့ ဖြစ် ပါတယ်။ အမှန်တော့ Samsung Galaxy SIII ထွက်ရှိမည့်နေက မေလ ၃ ရက်နေ့မှ ဖြစ်ပါတယ်။ သို့ပေမဲ့ ဝယ်ယူဖို့ တာဆူနေတဲ့ Galaxy ခရေစီများကတော့ store တွေမှာ ကြိုတင်မှာ ယူထားကြပါပြီ။ စတီးသေတ္တာကြီး ကမ္ဘာအနှံ့ ပို့နေပါတယ် ဆိုတဲ့သတင်း​လေးကြားကြတာနဲ့တင် အထဲမှာ ဘာလဲ၊ ဘယ်လိုအရောင်လဲဆိုပြီး သတင်းမီဒီယာသမားများ အလုပ်ရှုပ်အောင်မေးမြန်းနေကြပါ ပြီ။ iPhone 5 သံသေတ္တာကြီး ရောက်လာဖို့တော့ နည်းနည်းလိုနေသေးတာမို့ Apple ခရေစီတွေ မျော်လင့်နေရဦးမှာ ဖြစ်ပါတယ်။

No comments:

Post a Comment