Monday, July 16, 2012

iPhone 5 အား Apple မှ စတင်ထုတ်လုပ်နေပြီဟု သတင်းများထွက်ပေါ်

2962 iPhone5 Full Production Began Already
(ပုံ) iPhone 5 အား ဒီဇိုင်နာတစ်ဦးက စိတ်ကူးပုံဖော် ရေးဆွဲထားပုံ
ဂျပန်မှလာသော သတင်းများအရ Apple ကုမ္ပဏီအနေဖြင့် ယင်းတို့၏ နောက်ထွက်ရှိမည့် iPhone မျိုးဆက်ဖြစ်သည့် iPhone 5 အား ထုတ်လုပ်မှုကို စတင်ဆောင်ရွက်နေပြီဟု သိရှိရသည်။
Apple ပစ္စည်းများအကြောင်း ရေးသားဖော်ပြသည့် blog တစ်ခုဖြစ်သည့် ဂျပန်အခြေစိုက် Macotakara blog ၏ တရုတ်နိုင်ငံတွင်းမှာ အဆက်အသွယ်များက Apple နှင့် ဖက်စပ်ပြုလုပ်နေသည့် တရုတ်ကုမ္ပဏီများသည် iPhone 5 ထုတ်လုပ်မှုအား အင်တိုက်အားတိုက် စတင်ဆောင်ရွက်နေပြီ ဖြစ်ပြီး လာမည့်လအတွင်း အလုံးအရင်းနှင့် သိုလှောင်ထားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ တရုတ်အဆက်အသွယ်များသည် ပြီးခဲ့သည့် ဂျန်နဝါရီလက iPad 3 ထွက်ရှိမည်ဟု ၂ လ ကြိုတင် သတင်းပေးခဲ့ဖူးသည်။
ယင်းသတင်းအရ Apple အနေဖြင့် iPhone 5 အား အများမျှော်လင့်ထားသည်ထက် စောလျင်ကာ သြဂတ်စ်လအတွင်းတွင် ထုတ်ဖော်ပြသဖွယ်ရှိသည်ဟု သိရရသည်။
သို့သော်လည်း၊ ယင်းကိစ္စဖြစ်နိုင်ချေမှာ အလွန်နည်းပါးပြီး မူရင်းအချိန် အပိုင်းအခြားဖြစ်သည့် စက်တင်ဘာ (သို့) အောက်တိုဘာလ အတွင်း၌သာ ထုတ်ဖော်ပြသသွားဖွယ်ရှိသည။်
iPhone 5 သည် ပိုမိုခိုင်ခံလှပသော ကိုယ်ထည်ဒီဇိုင်း၊ ပို၍ကြီးမားသော မျက်နှာပြင်နှင့် စွမ်းအားမြင့် processor တို့ ပါဝင်မည်ဟု သတင်းများထွက်ပေါ်နေသည်။

No comments:

Post a Comment